ကြွရောက်လာကြသော မိတ်ဆွေသူငယ်ချင်း အပေါင်းတို့အား ကျွန်မ မိုးမမမှ လှိုက်လှဲပျူငှါစွာ ကြိုဆိုနှုတ်ခွန်းဆက်သပါတယ်။ နောက်လည်း အမြဲဝင်ရောက်အားပေးကြပါလို့...

Saturday, March 19, 2011

သူငယ်ချင်းများ ဗဟုသုတရစေရန် ရည်ရွယ်ပါသည် ။ ( ဖိုးသူတော်ဦးနု စကားပုံများ )

၁။ ဗုဒ္ဒဆာယာကို တွယ်ရမည် ၊ ရုပ်လှတာကိုပယ်ရမည် ။
ဗုဒ္ဒဆာယာကို တွယ်မှ အေးမြသည် ၊ ရုပ်လှတာကိုပယ်မှ ဘေးပါမည် ။၂။ ထင်တိုင်းလည်းနှိပ် မဆိုနှင့် ၊ ၀င်တိုင်းလည်း သိပ်မမျိုနှင့် ။
ထင်တိုင်းနှိပ် ဆိုက ရန်အသွယ်သွယ်ပွားတက်သည် ၊
ဝင်တိုင်းသိပ်မျိုက အန္တရာယ်များတတ်သည် ။

၃။ အယုတ်တရားကို အလိုမရှိနှင့် ၊ မဟုတ်စကားကို မဆိုဘိနှင့် ။
အယုတ်တရားကို အလိုရှိက ဘဂ၀ါစကားကို ပယ်ရာချေသည် ၊
မဟုတ်စကားကို ဆိုမိက သမာဓိတရားတို့ ကွယ်လာရချေသည် ။

၎။ မတော်ဘဲ မ၀ယ်နှင့် ၊ မခေါ်ဘဲ မလည်နှင့် ။
မတော်ဘဲ ၀ယ်က အသပြာငွေရှုံးတက်သည် ၊
မခေါ်ဘဲလည်က မကြာခဏ မုန်းတက်သည် ။

၅။ သူဌေးလိုကြွယ်သော်လည်း မာန်စွယ်မထနှင့် ၊ မြွေပွေးကို ငယ်သော်လည်း
အလမ္မာယ်မပြနှင့် ။
သူဌေးလိုကြွယ်ဝသည်ဟု မာန်စွယ်ပြက အရိုအသေနည်းလို့ မုန်းတတ်သည် ၊
မြွေပွေးကို ငယ်သည်ဟု အလမ္မာယ်ပြက ထိုမြွေခဲလို့သေတတ်သည် ။

၆။ မတော်တာကို မြည်းမစားနှင့် ၊ အဖော်မပါလျှင် ခရီးမသွားနှင့် ။
မတော်တာကို မြည်းစားက ဘေးရန်ရလို့ ရောဂါပွားတတ်သည် ၊
အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည် ။

အမှားပါလျှင် ခွင့်လွှတ်ပါ။
ခိုင်လေး

သူငယ်ချင်းတို့ အရာရာ အဆင်ပြေပါစေ................

0 comments:

Post a Comment